Wednesday, July 16, 2008

ရှင်းပြခွင့်ပေးပါ

R-ဇာနည်သီချင်းဆိုမလို့မဟုတ်ပါဘူးရှင်.....:P
“ ကြယ်စင်များနဲ့ကောင်းကင် ” ဆိုတဲ့နာမည်လေးအကြောင်းကို နဲနဲလောက်ပြောပြချင်လို့ပါ……

ဒီနာမည်ကအရမ်းကို ကဗျာဆန်လွန်း၊နွဲ့လွန်းနေမလားမသိဘူး…..

Blog စလုပ်မယ်ဆိုတော့ နန္ဒာနဲ့မငယ်(နန္ဒာ့ကို blogဖတ်ဖို့လမ်းညွန်ပေးတဲ့သူပေါ့) မှာစဉ်းစားလိုက်ရတာ.. ခေါင်းကိုမူးသွားတာပဲ…….. :P
စာတွေကိုသာဖတ်နေတာ ကိုယ်ကိုယ်တိုင်လဲလုပ်မယ်ဆိုရော အဆင်ပြေပြေဖြစ်အောင်မနဲစဉ်းစားရတယ်….

နောက်ဆုံးတော့ ဒီနာမည်ကိုပဲအတည်ရွေးလိုက်ကြတယ်……ဒီနာမည်လေးဟာ နန္ဒာ့အတွက်တော့ အရမ်းကိုအဓိပ္ပါယ်ရှိတယ်လို့ခံစားရပါတယ်.....(ဇင်ယော်မောင်မောင်လိုpolicy ဇာတ်ကားရိုက်ဖို့မဟုတ်ပါဘူးရှင်... :P )

“ ကြယ်စင်များနဲ့ကောင်းကင် ” ဆိုတာ ” ဆန္ဒများနဲ့လူ” လို့သွယ်ဝိုက်ပြီးပြောချင်တာပါပဲ….

လူအများစုဟာ ကိုယ်ကသာတစ်ကိုယ်တည်း၊စိတ်ကသာတစ်စိတ်တည်းဖြစ်ပေမဲ့ ဖြစ်ချင်တဲ့ဆန္ဒတွေ၊မျှော်လင့်ချက်တွေနဲ့လုပ်ချင်တဲ့အလုပ်တွေက အရမ်းကိုအများပြားရှိနေတတ်ပါတယ်…...အဲဒီဆန္ဒတွေ၊မျှော်လင့်ချက်တွေထဲက တချို့တွေကအောင်မြင်လင်းလက်နေကြသလို၊ တချို့တွေကလဲ အောင်မြင်လင်းလက်ဖို့အားယူနေကြပြီ တချို့ကျပြန်တော့လဲ ဖြစ်မလာပဲ ကြွေကျပျက်စီးသွားတက်ကြတယ်လေ…..ကြယ်လေးတွေလိုပေါ့....... ဒီသဘောကိုဆိုလိုချင်တာပါ…..(ဆိုင်လား၊မဆိုင်လားတော့မသိပါဘူး……:P)

ရွေးခါစကတော့ဘာရယ်မဟုတ်ဘူး လှတယ်ဆိုပြီးရွေးလိုက်ကြပေမဲ့ သေသေချာချာတွေးကြည့်လိုက်မှ နန္ဒာ့ရဲ့စိတ်တွေက ဒီနာမည်လေးမှာသွားထင်ဟပ်နေသလိုပါပဲ…...... ( ကိုယ့်ကိုကိုယ် ကောင်းကင်ကြီးလို့နှိုင်းတာမဟုတ်ပါဘူး…)

တဖြည်းဖြည်းစဉ်းစားကြည့်ရင်းနဲ့မှဒီနာမည်လေးကိုအရမ်းကြိုက်သွားပါတယ်….....
အားလုံးလဲကြိုက်မယ်လို့မျှော်လင့်ပါတယ်….....
ရွေးကူတဲ့ မငယ် @ SopharKyi ကိုလည်းကျေးဇူးအရမ်းတင်ပါတယ်လို့….. :P

No comments: