Friday, August 1, 2008

အဖိုးတန်သော စကားစုများ (၂)

၁)
ခရီးရောက်ချင်ရင် ရပ်မနေဖို့ပဲအရေးကြီးပါတယ်....
နှေးတာကအရေးမကြီးပါဘူး....

၂)
ဘ၀ကိုရှင်းရှင်းလင်းလင်းနေသွားချင်တယ်ဆိုရင်....
သတိလေးနဲ့နေလိုက်ပါ ဘ၀ဟာရှင်းလာပါလိမ့်မယ်...
စိတ်ရှင်းရင် ဘ၀ရှင်းတယ်....
စိတ်ရိုးရင် ဘ၀ရိုးတယ်...
စိတ်ရှုပ်ရင် ဘ၀ရှုပ်တယ်...
စိတ်ဆန်းပြားရင် ဘ၀ဆန်းပြားလာမယ်...

၃)
ဘ၀ကိုအနှစ်သာရအပြည့်နဲ့ ငြိမ်းငြိမ်းချမ်းချမ်းနေချင်ရင်
အေးချမ်းတည်ငြိမ်ပြီး ရင့်ကျက်တဲ့သူဖြစ်ချင်ရင်
အချိန်တိုင်း အချိန်တိုင်းကို သတိလေးနဲ့နေလိုက်ပါ

၎)
ဘ၀ရဲ့အရည်အသွေးမြင့်မားစေချင်ရင်
စိတ်ရဲ့အရည်အသွေးကို မြင့်မားအောင်ကြိုးစားမှဖြစ်မယ်...
ဘ၀ရဲ့အဆင့်အတန်းကို စိတ်ရဲ့အဆင့်အတန်းနဲ့ဘဲ တိုင်းတာသင့်တယ်.....

၅)
သူငယ်ချင်းရေ....
အကောင်းအဆိုးတွေ့ရသမျှ ဘ၀တွေ့အကြုံထဲက
လေးနက်တဲ့ အသိအမြင်ကို ရမှသာ
အတွေ့အကြုံဟာတန်ဖိုးရှိတယ်...။
အကောင်းနဲ့တွေ့တဲ့အခါ မာနတက်သွားမယ်...
အဆိုးနဲ့တွေ့တဲ့အခါ စိတ်ဓါတ်ကျသွားမယ်ဆိုရင်...
အတွေ့အကြုံဟာ ဘာတန်ဖိုးမှရှိတော့မှာ မဟုတ်ဘူး...
စဉ်းစားနော်.....။ ။

၆)
ကိုယ့်ကိုအများဆုံးစိတ်ဆင်းရဲအောင်လုပ်တဲ့သူဟာ....
သူများမဟုတ်ပါဘူး...
ကိုယ့်ရဲ့စိတ်ပါ...
ကိုယ့်ရဲ့အတွေးပါ...
ကိုယ့်ရဲ့သဘောထားမှားနေလို့ပါ....



Read More...

Wednesday, July 30, 2008

ယောင်္ကျားများ၏ အချစ်ဇယား........ဟား..ဟား....ဟား(ကာရံလိုက်အောင်လို့)

ဒီတစ်ယောက်က အချစ်ဦးမို့
တစ်သက်မမေ့နိုင် ဖြစ်ရသည်....

ဒုတိယတစ်ယောက်က ချစ်စရာလေးမို့
ဆက်ချစ်သွားဖို့ ဆုံးဖြတ်သည်....

ဟောဒီတစ်ယောက်က အပျံစားလေးမို့
လူတွေအားကျအောင် တွဲလိုက်မည်....

အဲဒီတစ်ယောက်ကျတော့ အပြုံးချိုလေးမို့
သူ့နှုတ်ခမ်းများကို စွဲလမ်းသည်....


အဲ့ဒီတစ်ယောက်က တိုင်းရင်းသူလေးမို့
အသံဝဲလေးကို ချစ်မိသည်....

စေ့စပ်ထားတဲ့ကောင်မလေးက
အိနြေ္ဒရှင်လေးမို့ လက်မလွှတ်ချင်အောင်ဖြစ်ပါသည်....

အထက်ပါခြောက်ယောက် ရက်တွေပြည့်လို့
တနင်္ဂနွေပိုသေးသည်...
တနင်္ဂနွေအားသူ အလိုရှိသည်တဲ့....

<< တော်တော်တက်နိုင်တယ်နော်... ထောက်ခံပါသလား......ဗျို့ >>

Read More...

အဖိုးတန်သော စကားစုများ (၁)

၁)
လူတိုင်း၊ လူတိုင်းဘ၀တစ်ခုလုံးမှာ နေ့စဉ်နဲ့အမျှရွေးချယ်မှုတွေ လုပ်နေရပါတယ်........
ရွေးချယ်တာ၊ ဆုံးဖြတ်တာမှန်ဖို့လိုပါတယ်......

၂)
လူမှာလုပ်နိုင်တဲ့ စွမ်းရည်သတ္တိတွေအများကြီးရှိပါတယ်...
အဲဒီလုပ်နိုင်တဲ့ စွမ်းရည်သတ္တိတွေကို များများထုတ်သုံးနိုင်မှ အဲဒီလူဟာ
ဘ၀ကိုကျေနပ်မှုရပါလိမ့်မယ်

၃)
ငြိမ်းချမ်နေတယ်....
ပျော်ရွင်နေတယ်....
ကြည်လင်နေတယ်....
ကိုယ်လုပ်ချင်တဲ့အလုပ်ကို လုပ်နေတယ်ဆိုရင်....
သင်ဟာအောင်မြင်နေတဲ့သူပါ.......။ ။

၎)
ဘ၀မှာဘာဖြစ်လာမယ်ဆိုတာ ကြိုတင်သိမထားတာ မသိနိုင်တာက
ပိုပြီးစိတ်ဝင်စားဖို့ကောင်းတယ်....
ပိုပြီးနိုးကြားမှုရှိလာတယ်....

၅)
မေတ္တာဆိုတာ သူတစ်ပါးအတွက်အာဟာရဖြစ်သလို
ကိုယ့်အတွက်လည်းအာဟာရဖြစ်တယ်...

၆)
ငါလုပ်တဲ့အလုပ်တွေက လွတ်လပ်တဲ့စိတ်နဲ့လုပ်တာလား ?
နှောင်အဖွဲ့ခံနေရတဲ့စိတ်နဲ့လုပ်တာလား ?

၇)
ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့၊ ဘယ်သူ့ကြောင့်ပဲဖြစ်ဖြစ်
အတိက်ကဖြစ်ခဲ့တာတွေထဲမှာ ထောင်ကျမနေဖို့ပဲလိုတယ်....

Read More...

လူကောင်း

စိတ်ရောဂါအထူးကုဆရာဝန်ကိုလူနာကပြောသည်။

“ ဒေါက်တာ.. ကျွန်တော့်ကိုကယ်ပါအုံး.. ကျွန်တော့်မှာလူတစ်ကိုယ်စိတ်သုံးမျိုးကွဲနေလားမသိဘူး..
စဉ်းစားတာကတစ်ခု၊ ပြောတော့တစ်ခု၊ လုပ်တော့တစ်ခြားဖြစ်နေတယ်ဗျာ ”

ဒီတော့ဆရာဝန်က အေးအေးဆေးဆေးနဲ့ဒီလိုပြန်ပြောလိုက်ပါတယ်....

“ ဒါဆိုစိတ်မပူပါနဲ့... မစိုးရိမ်နဲ့... ခင်ဗျားဘာမှမဖြစ်ဘူးစိတ်ချ...
ဒါလူကောင်းတစ်ယောက်ရဲ့လက္ခဏာပဲဗျ...”

Read More...

သူ့မျက်နှာ

အတွေးထဲမှာ သူ့မျက်နှာ
အိမ်မက်မှာလဲ သူ့မျက်နှာ
သြော်... နေရာတကာမှာ သူ့မျက်နှာ........

မြင်ရတဲ့သူ့မျက်နှာမှာ
အေးစက်စိမ်းကားမှုတွေနှင့်................

မြင်နေတဲ့ကိုယ့်ရင်မှာ
တမ်းတလွမ်းဆွတ်မှုတွေနှင့်...........။ ။

Read More...

Monday, July 28, 2008

အတူတူပါပဲ

ကပ်စေးနှဲကော်တရာဟု အများကသတ်မှတ်ထားသော ကိုဘမောင်တွင်သားငယ်လေးတစ်ယောက်ရှိသည်။ ထိုသားငယ်လေးသည် သတ္တဗေဒပြတိုက်ရှိ စပါးကြီးမြွေကိုသွားကြည့်ချင်သဖြင့် ပိုက်ဆံပေးရန်ဖခင်အား ခဏခဏပူဆာလေသည်။ တနေ့တွင်ကိုဘမောင်က သားဖြစ်သူကိုစိတ်တိုတိုနှင့် ဤသို့ပြောလိုက်လေသည်။
“ ရော့ မှန်ဘီလူးယူသွား.... ခြံထဲဆင်းပြီးတီကောင်ကိုသွားကြည့်... တူတူပဲ ”

Read More...

မြန်မာ့ရိုးရာဗေဒင် ( တနင်္လာ)

တနင်္လာသားသမီးများ

သူတစ်ပါးကြားဝင်ရသောကာလဖြစ်သည်။ ကြားညှပ်တတ်သည်။ သတိထားပါ။ နာရီပျောက်ကိန်းရှိ၍ အလုပ်အသစ်ရော အဟောင်းပါပြုတ်မည်။ ကျန်းမာရေးအထူးကောင်းသောကာလဖြစ်သည်။ ကျန်းမာလွန်း၍ ထမင်းမစားပဲ ဗိုက်ဝမည်။ ရပ်ဝေးနေ မိတ်ဆွေများထံမှ “လာလည်ကြမည်” ဟူသောသတင်းဆိုးကြားရနိုင်သည်။ မြန်မြန်ရှောင်ထားပါ။ သူငယ်ချင်းများကိုမယုံပါနှင့်၊ သူတို့ကလဲသင့်ကို လုံးဝမယုံပါ ယုံလိမ့်မည်မထင်ပါနှင့်။ ပညာရေးအထူးဂရုပြုပါ။ သင်္ချာတွက်လျှင် တစ်အိမ်လိုနေတက်သည်။ အထူးစန်ပွင့်နေ၍ ခါချနေရမည် ( ပရွတ်ဆိတ်များ )

ယတြာ ။ ။ ကြာသာပတေးနေ့တွင်ကြောင်တစ်ကောင်ကို ခွေးသေးပန်းရွက်နှင့်ခွေးလျားသီးမုန့်ရောပြီးကျွေးပါ။ အစစအရာရာ ကျဆုံးသွားလိမ့်မည်။ :P

Read More...