Friday, August 1, 2008

အဖိုးတန်သော စကားစုများ (၂)

၁)
ခရီးရောက်ချင်ရင် ရပ်မနေဖို့ပဲအရေးကြီးပါတယ်....
နှေးတာကအရေးမကြီးပါဘူး....

၂)
ဘ၀ကိုရှင်းရှင်းလင်းလင်းနေသွားချင်တယ်ဆိုရင်....
သတိလေးနဲ့နေလိုက်ပါ ဘ၀ဟာရှင်းလာပါလိမ့်မယ်...
စိတ်ရှင်းရင် ဘ၀ရှင်းတယ်....
စိတ်ရိုးရင် ဘ၀ရိုးတယ်...
စိတ်ရှုပ်ရင် ဘ၀ရှုပ်တယ်...
စိတ်ဆန်းပြားရင် ဘ၀ဆန်းပြားလာမယ်...

၃)
ဘ၀ကိုအနှစ်သာရအပြည့်နဲ့ ငြိမ်းငြိမ်းချမ်းချမ်းနေချင်ရင်
အေးချမ်းတည်ငြိမ်ပြီး ရင့်ကျက်တဲ့သူဖြစ်ချင်ရင်
အချိန်တိုင်း အချိန်တိုင်းကို သတိလေးနဲ့နေလိုက်ပါ

၎)
ဘ၀ရဲ့အရည်အသွေးမြင့်မားစေချင်ရင်
စိတ်ရဲ့အရည်အသွေးကို မြင့်မားအောင်ကြိုးစားမှဖြစ်မယ်...
ဘ၀ရဲ့အဆင့်အတန်းကို စိတ်ရဲ့အဆင့်အတန်းနဲ့ဘဲ တိုင်းတာသင့်တယ်.....

၅)
သူငယ်ချင်းရေ....
အကောင်းအဆိုးတွေ့ရသမျှ ဘ၀တွေ့အကြုံထဲက
လေးနက်တဲ့ အသိအမြင်ကို ရမှသာ
အတွေ့အကြုံဟာတန်ဖိုးရှိတယ်...။
အကောင်းနဲ့တွေ့တဲ့အခါ မာနတက်သွားမယ်...
အဆိုးနဲ့တွေ့တဲ့အခါ စိတ်ဓါတ်ကျသွားမယ်ဆိုရင်...
အတွေ့အကြုံဟာ ဘာတန်ဖိုးမှရှိတော့မှာ မဟုတ်ဘူး...
စဉ်းစားနော်.....။ ။

၆)
ကိုယ့်ကိုအများဆုံးစိတ်ဆင်းရဲအောင်လုပ်တဲ့သူဟာ....
သူများမဟုတ်ပါဘူး...
ကိုယ့်ရဲ့စိတ်ပါ...
ကိုယ့်ရဲ့အတွေးပါ...
ကိုယ့်ရဲ့သဘောထားမှားနေလို့ပါ....



No comments: