Wednesday, July 30, 2008

အဖိုးတန်သော စကားစုများ (၁)

၁)
လူတိုင်း၊ လူတိုင်းဘ၀တစ်ခုလုံးမှာ နေ့စဉ်နဲ့အမျှရွေးချယ်မှုတွေ လုပ်နေရပါတယ်........
ရွေးချယ်တာ၊ ဆုံးဖြတ်တာမှန်ဖို့လိုပါတယ်......

၂)
လူမှာလုပ်နိုင်တဲ့ စွမ်းရည်သတ္တိတွေအများကြီးရှိပါတယ်...
အဲဒီလုပ်နိုင်တဲ့ စွမ်းရည်သတ္တိတွေကို များများထုတ်သုံးနိုင်မှ အဲဒီလူဟာ
ဘ၀ကိုကျေနပ်မှုရပါလိမ့်မယ်

၃)
ငြိမ်းချမ်နေတယ်....
ပျော်ရွင်နေတယ်....
ကြည်လင်နေတယ်....
ကိုယ်လုပ်ချင်တဲ့အလုပ်ကို လုပ်နေတယ်ဆိုရင်....
သင်ဟာအောင်မြင်နေတဲ့သူပါ.......။ ။

၎)
ဘ၀မှာဘာဖြစ်လာမယ်ဆိုတာ ကြိုတင်သိမထားတာ မသိနိုင်တာက
ပိုပြီးစိတ်ဝင်စားဖို့ကောင်းတယ်....
ပိုပြီးနိုးကြားမှုရှိလာတယ်....

၅)
မေတ္တာဆိုတာ သူတစ်ပါးအတွက်အာဟာရဖြစ်သလို
ကိုယ့်အတွက်လည်းအာဟာရဖြစ်တယ်...

၆)
ငါလုပ်တဲ့အလုပ်တွေက လွတ်လပ်တဲ့စိတ်နဲ့လုပ်တာလား ?
နှောင်အဖွဲ့ခံနေရတဲ့စိတ်နဲ့လုပ်တာလား ?

၇)
ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့၊ ဘယ်သူ့ကြောင့်ပဲဖြစ်ဖြစ်
အတိက်ကဖြစ်ခဲ့တာတွေထဲမှာ ထောင်ကျမနေဖို့ပဲလိုတယ်....

No comments: