Monday, July 21, 2008

" I Love You"

English စာကိုနားလည်တဲ့ ကောင်လေးတစ်ယောက်နဲ့ နားမလည်တဲ့ကောင်မလေးတို့တွေ့ကြတယ်
ကောင်မလေး : အစ်ကို... ညီမကို အင်္ဂလိပ်စာသင်ပေးပါလား

ကောင်လေး : သင်ပေးမှာပေါ့.... ကဲခုစမယ်နော်...
ဘာဟင်းချက်လဲဆိုတာကအင်္ဂလိပ်လိုဘယ်လိုပြောလဲသိလား...

ကောင်မလေး : ဟင့်အင်း... သိဘူးလေ..

ကောင်လေး : ဘာဟင်းချက်သလဲလို့မေးချင်ရင်အင်္ဂလိပ်လို “ I Love You”လို့ပြောရတယ်..... သေသေချာချာမှတ်ထားနော်...ကဲညီမလေးကအစ်ကို့ကိုဘာဟင်းချက်သလဲလို့မေးကြည့်ပါအုံး...

ကောင်မလေး : အစ်ကို... “ I Love You ”

ကောင်လေး : “ Me Too ”

ကောင်မလေး : ဟင်းနာမည်ကတမျိုးလေးနော်...

ကောင်လေး : ညီမလေးကိုပြန်မေးမယ်နော်.......
ညီမလေး “ I Love You ”....

အဲလိုလဲမေးလိုက်ရော ကောင်မလေးကအားရပါးရပြန်ဖြေလိုက်တာကတော့ဒီလိုပါတဲ့ရှင်....

“ ဘူးသီးဟင်းခါး ”


4 comments:

Ivy_Techno said...

ကြာရိုးဟင်းခါး ဆိုပိုကောင်းမှာ၊ ကြာရိုးဟင်းခါး သောက်ချင်နေတာ :P

Anonymous said...

့ငါးဟင်း

သက်တန့် said...

မုန့်ဟင်းခါး... အုန်းနို့ခေါက်ဆွဲ... :P

Synchro 305 ~ said...

ဟမ်........
ဘယ်လို ဘယ်လို...
ဘီယာတစ်ဂျား ဟုတ်လား
:P