Friday, July 18, 2008

“ အိမ်မက်တွေ ”

ငယ်ရွယ်၊ လွတ်လပ်
အကန့်အသတ်မဲ့ စိတ်ကူးနဲ့
ငါ့ရဲ့အိမ်မက်ထဲမှာ
“ ကမ္ဘာကြီးကိုပြောင်းပစ်မယ် ” ……………

အသက်လေးရလာ
ပညာဆိုတာနဲနဲသိ
ပြန်ကြည့်လိုက်တော့မှ
“ ကမ္ဘာကြီးဟာ ကမ္ဘာကြီးပါပဲ ”…………….

အိမ်မက်ကိုဈေးဆစ်
ငါချစ်တဲ့ ငါ့ရဲ့တိုင်းပြည်
တစ်ခုခုဖြစ်ရမယ်ပေါ့
ဒီတစ်ခါလည်း
“ တိုင်းပြည်ဟာ တိုင်းပြည်ပါပဲ ”……………….

ဘ၀ရဲ့ဆည်းဆာချိန်
အိမ်မက်တွေ အရှိန်ကုန်စ
ဇနီးမယား သားသမီးအတွက်
ပေးဆပ်ဖို့ကြိုးစားဆဲ
သူတို့လည်း သူတို့ဘာသာ
“ မိသားစုဟာ မိသားစုပါပဲ ”………………..

သေရာညောင်စောင်း
လဲလျောင်းချိန်ရောက်တော့မှ
ငါသိရပြီ (ပထမဆုံးအကြိမ်ပါ)
“ ငါဟာငါပဲ၊ ဘာမှမပြောင်းလဲ ”

<<သားရွှေဥထဲက ကြိုက်လို့ကူးထားတာပါ >>
အားလုံးလဲကြိုက်မယ်လို့မျှော်လင့်ပါတယ်............ :P
ပြီးရင်တစ်ခုခုပြောသွားပါအုံးနော်.........

1 comment:

Synchro 305 ~ said...

ဒါလေးကောင်းတယ်
CheeRRRRRR !